Friday 31 October 2008

ရေလှိုင်းပုံလေးလုပ်ကြမယ်

Photoshop Software နဲ့ရေလိုင်းလေးတစ်ခုလောက်ဖန်းတီရအောင်။အရင်ဆုံးAdobe Photoshop Software
လေးတစ်ခုတော့စက်ထဲးမှာသွင်းထားဖို့လိုပါတယ်။ကဲ..စလုပ်ကြည့်ရအောင်..။
Photoshop File ထဲးမှNewကိုသွားပြီး(800×600)စာရွက်တစ်ရွက်ကိုယူလိုက်ပါ။Color boxကိုတော့ပုံမှန်default
colorဖြစ်တဲ့ backgroundကိုအဖြူရောင်၊foregroundကိုအမဲးရောင်ပဲထားလိုက်ပါ။


ကီဘုတ်ပေါ်မှGကိုနှိပ်ပြီး paint buket tool(G)ကိုသုံးပြီးစာရွက်ပေါ်မှာအမဲးရောင်ထည့်လိုက်ပါ။

ပုံတွင်ပြထားသည့်အတိုင်းပဲအမဲးရောင်စာရွက်လေးတစ်ခုရလာပါလိမ့်မယ်။Photoshop menu barထဲးမှ
Fliter –>lens Flare ကိုသွားပြီးကလစ်နှိပ်လိုက်ပါ။

ပုံတွင်ပြထာသည့်အတိုင်းboxလေးတစ်ခုကျလာပါမည်။settingအနေနဲ့brightness lineတွင်100, Lens Type:တွင်
35mm Prime
ကိုရွေးပြီးok နှိပ်လိုက်ပါ။ပြီးနောက် .. Fliter –>Distort –>Twirl တွင်ကလစ်နှိပ်ပြီးsettingကို
Angleကို(999)ထားပေးပါ။

ပုံတွင်ပြထာသည့်အတိုင်းရလာပါလိမ့်မည်။ထို့နောက်Fliter –>Sketch –>Bas Reliefတွင်Detail-13,
smoothness-3ထားလိုက်ပါ။


ဒီအတိုင်းရလာပါလိမ့်မယ်။Fliter –>Distort –>Ocean Rippleတွင်settingကိုRipple size-15,
Ripple magnitude-9ထားပြီးOkလုပ်လိုက်ပါ။


အမဲးရောင်ရေလိုင်းပုံစံလေးကိုတွေ့ရှိရမည်ဖြစ်ပါသည်။ကြိုက်နှစ်သက်ရာအရောင်တစ်ခုခုထည့်ကြည့်လိုက်ရအောင်..။
ရေလိုင်းဆိုတော့ အဖြူရောင်၊အပြာရောင်ပါမှာပေါ့.။ဒါဆိုcolorကိုကစားကြည့်မယ်။Ctrl+Uကိုနှိပ်လိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်းဘဲsettingတွေကိုဖြည့်လိုက်မယ်ဆိုရင်အသက်ဝင်သွားတဲ့ရေလိုင်လေးတစ်ခုကိုရရှိပြီဖြစ်ပါတယ်။

(http://mgtrojan.site90.net/ မှတဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်)

Read More...

Thursday 16 October 2008

Pencil sketch effect in Photoshop



Photoshop မှာ Pencil sketch effect လုပ်တဲ့နည်းကို မှတ်တမ်းတင် မျှဝေပါဦးမယ်။ လူဆိုတာကလည်း တစ်ခါတလေမှာ အလွယ်ကြိုက်တော့ နည်း နှစ်နည်းလုံး မှတ်ထားလိုက်တယ်။ အလွယ်ကြိုက်တယ်ဆိုတာ ပြောခံရတာသာဆိုးတာ အချိန်ကုန်တော့ သက်သာတယ်ဗျ။ ကဲပါ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒါကို ဆက်ပြီး ပွားနေရင် လိုရင်းရောက်မှာ မဟုတ်တော့ဘူး :P စလုပ်ကြည့်ရအောင်

၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။



၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။



၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

၎။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။

၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။



၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေးပါ။ Pencil Artwork တစ်ခုကို သင် လုပ်ပြီးသွားပါပြီ။

အထက်ပါနည်းလမ်းကတော့ step by step ကိုယ်တိုင် ဖန်တီးတဲ့နည်းလမ်းပါ။ နောက်တစ်နည်း (အလွယ်နည်း) အနေနဲ့ Photoshop ရဲ့ action ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အဲဒီနည်းကတော့ Click နှိပ်တတ်ရုံနဲ့ပဲ ဖန်တီးလို့ ရပါပြီ :D

၁။ ပထမဦးစွာ Pencil Sketch Action File ကို Download လုပ်ပါ။

၂။ ထို့နောက် ရရှိလာသော File ကို copy ကူးယူပြီးနောက် အောက်ပါ Folder ထဲတွင်ထည့်သွင်းပါ။
C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions

၃။ Photoshop ကို open လုပ်ပါ။ ထို့နောက် Window Menu မှ Action (Alt+F9) ကိုရွေးပါ။ Action list တွင် Default Action အပြင် Download လုပ်ပြီး ထည့်သွင်းထားသော Pencil ArtWork Action လေးကိုပါ တွေ့ရပါလိမ့်မည်။



၎။ PencilArtWork Action folder ကို ဖွင့်ရန် ဘယ်ဘက်၌ပါရှိသော တြိဂံလေးကို Click လုပ်ပါ။ ထို့နောက် ထွက်ရှိလာသော Action File လေးကို select လုပ်ပါ။ သို့မဟုတ်ပါက Action ကို သုံး၍ရလိမ့်မည် မဟုတ်ပေ။ Action file လေးကို ရွေးပြီးသည်နှင့်တပြိုင်နက် action box ၏ အောက်ခြေတွင်ပါရှိသော Play Action button လေးသည် active ဖြစ်လာပါလိမ့်မည်။



၅။ ထို့နောက် Play Action button ကို click လုပ်ပြီး မိမိပြုလုပ်လိုသော ပုံကို ရွေးပါ။ ရွေးပြီးသည့်နောက်ပိုင်းမှာတော့ ငုတ်တုတ်လေး ထိုင်သာကြည့်နေလိုက်ပါ။ Action ရဲ့ စွမ်းဆောင်မှုဖြင့် pencil sketch တစ်ခုကို အလိုအလျောက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ photoshop action အကူအညီဖြင့် ပြုလုပ်သော pencil sketch တစ်ခုကို သင် ရရှိမှာဖြစ်ပါတယ်။

ကြော်ငြာဝင်ခြင်း :P




ဒီပုံကတော့ ကို့ဘာသာစမ်းသပ်ထားတာပါ...ဓာတ်ပုံကြည့်ပြီးမအိပ်နိုင်မစားနိုင်ဖြစ်မသွားကြနဲ့နော် ..D
စတာပါ လုပ်ကြည့်ကြပါ အခက်အခဲမရှိလောက်ဘူးလို့ထင်ပါတယ်....
အားလုံးအဆင်ပြေ ချောမွေ့ပါစေဗျာ.....

ကျန်းမာပျော်ရွင်ပါစေ :)

Read More...

GRAPHIC DESIGN STUDY ©Template Blogger Green by Dicas Blogger.

TOPO