Tuesday 30 December 2008

Make Your Own Vignette Frame

ဘောင်မခတ်ဘဲနဲ့ ကာလရောင်ဖြင့် ကိုယ်ပိုင် Frameလုပ်ကာ ဓာတ်ပုံတစ်ခုက
ပြုလုပ်ချက် သင်ခန်းစာလေးဖြစ်ပါတယ်..Corel® Paint Shop Pro® Photo XI
ဆော့ဝဲကိုအသုံးပြုပြီး ပြုလုပ်သွားပါမယ်...

အဆင့်(၁)။ ။ ဥပမာဒီပုံလေးကို အရင်ဒေါင်းလုတ်ချထားမယ်။။။

အဆင့်(၂)။ ။ပြီးရင် အဲဒီပုံလေးကို Corel® Paint Shop Pro နဲ့ဖွင့်မယ်..
အဆင့်(၃)။ ။အောက်ကပုံအတိုင်း Materials Palette မှာ
Background ကာလာတွေကို ကိုယ်ကြိုက်တဲ့ကာလာဖြည့်မယ်။


အောက်ကပုံအတိုင်းကာလာပြောင်း Value တန်ဖိုးတွေပြောင်းပေးပါမယ်..ပြီးရင်တော့ အိုကေပေးလိုက်ပါ။။


အဆင့်(၄)။ ။Make section လုပ်ရန်အတွက်


Elipse Tools ကိုရွှေးပါမယ်..Feather ကို ဒီပုံအတိုင်းထားပေးပါ..



အဆင့်(၅)။ ။အောက်ကပုံအတိုင်း Elipse ပုံလေးချဖို့အတွက် ကလေးပုံရဲ့ ပါးစပ်နေရာကနေ
အောက်ပါအတိုင်း သေသေသပ်သပ် ဆွဲချပေးပါ...





လိုချင်တဲ့ ပုံစံမရသေးဘူးဆိုရင် Ctrl +D ပေးပြီး Undo ပြန်လုပ်လို့ရပါတယ်..

အဆင့်(၆)။ ။ပြီးရင် အပေါ် menu က Selection tool ကနေ Invert ကိုကလစ်ပါ...


ဒီပုံအတိုင်းပေါ့...
ပြီးရင် Delete ကိုနှိပ်လိုက်ပါ ဒီပုံအတိုင်းထွက်လာပါမယ်..



အဆင့်(ရ)။ ။နောက်ဆုံးအဆင့်အနေနဲ့ ..Side tool bar မှ Crop ကိုယူပြီး
.



Photoshop အတိုင်းလိုချင်တဲ့အတိုင်းအတာလေးရရင် .Mouse လွတ်ပြီး Ok ပေးလိုက်ပါ..
ဒါဆိုရင်တဲ့ သင်ခန်းစာရဲ့ အဆုံးသတ် ဒီပုံလေးကိုဖန်တီးနိုင်ပါပြီ..
ဒါကတော့ ကျွန်တော် ဖန်တီးခဲ့တဲ့ဓာတ်ပုံလေးပါ..
အားလုံးအဆင်ပြေကြပါစေဗျာ.......


Read More...

Saturday 20 December 2008

Corel paint Shop Pro Software

Corel paint Shop Pro Software အကြောင်းလေးပြောချင်ပါတယ်
ဒီဆော့ဝဲလေးဟာ Coral Draw software ကိုအခြေခံပြီးလုပ်ထားတဲ့
ဆော့ဝဲလေးပါ..ဓာတ်ပုံတွေ၊ Drawing တွေကို ပြုပြင်ဖန်တီးနိုင်ပါတယ်
ကျွန်တော်လည်းခုမှတွေ့မိလေ့လာမိလို့ တင်ပြပေးလိုက်ပါတယ်
အကိုအမတွေလည်း သိပြီးသားဖြစ်ချင်ဖြစ်မှာပါ..
ဆော့ဝဲလေးကိုလည်းဝေမျှပေးပါမယ်..
ဒါပေမဲ့ ခပ်ကြာကြာသုံးနိုင်ဖို့ဆိုရင်တော့
ှSerial key ကိုဝယ်ရပါလိမ့်မယ်..
ရက် ၃၀အခမဲ့ စမ်းသပ်ခွင့်ပေးထားပါတယ်..
စမ်းသုံးကြည့်ကြပေါ့
ဆော့ဝဲ လင့်လေးက ဒီမှာပါ.. DOWNLOAD SOFTWARE












နောက်ပိုင်းတွေမှာ ဒီဆော့ဝဲကိုအသုံးပြုပြီး ဓာတ်ပုံတွေ ၊Design တွေတည်ဆောက်ပုံတွေကို
ဘာသာပြန်၍ဘဲဖြစ်ဖြစ်..ကိုယ်တိုင်လေ့လာမှုမှဖြစ်ဖြစ်တင်ပြပေးသွားပါ့မယ်...



Type the rest of your post here.

Read More...

Thursday 20 November 2008

Anim8or Software

This software to use at 3D modeling and character animation program
I interest Drawing 3D graphics, animation, and application of Microsoft.
You can download the lastest virsion Anim8nor, amimv095.zip.
Want to know about this sottware ,u can learn and can do tutorial
at http://www.anim8or.com/
now I will show one photo made up with anim8nor
Please look up down...>







Type the rest of your post here.

Read More...

Friday 7 November 2008

Blog Header Design


Now i want to show.blog hearder design.
Want to make that like you must have
Adobe Photoshop and Adobe Illustrator
Now you see my photo at the follow...


Type the rest of your post here.

Read More...

Tuesday 4 November 2008

Good Heart frames

Heart Frames For Photoshop | 6 Beautiful Frames | PNG Format | Size - 23 MB

Photoshop တွေမှာအသုံးပြုဖို့အတွက် frame လေးတွေပါ ...စမ်းကြည့်လိုက်ပါ

အဆင်ပြေကြမယ်လို့ထင်ပါတယ်....သဘောကျရင်တော့

အောက်ကလင့်လေးကို download လုပ်လိုက်ပါ


Click Here To Download

or

Download Mirror

Read More...

Monday 3 November 2008

ဓာတ်ပုံပြင်ဖို့

သူငယ်ချင်းတို့ရေ....
ပုံတွေကို လိုသလိုအလှအပလေးတွေခြယ်သပေးချင်ပါသလား..?
ဒီအောက်က Websitesလေးတွေကိုခြေဦးလှည့်လိုက်ပါ......

http://www.flauntr.com/
http://www.preloadr.com/
http://www.resizr.com/
http://snipshot.com/
http://fotoflexer.com/
http://www.phixr.com/
http://rsizr.com/
http://snipshot.com/
http://pixenate.com/
http://www.picnik.com/
http://www.splashup.com/
http://www.myimager.com/
http://www.picture2life.com/

Read More...

Friday 31 October 2008

ရေလှိုင်းပုံလေးလုပ်ကြမယ်

Photoshop Software နဲ့ရေလိုင်းလေးတစ်ခုလောက်ဖန်းတီရအောင်။အရင်ဆုံးAdobe Photoshop Software
လေးတစ်ခုတော့စက်ထဲးမှာသွင်းထားဖို့လိုပါတယ်။ကဲ..စလုပ်ကြည့်ရအောင်..။
Photoshop File ထဲးမှNewကိုသွားပြီး(800×600)စာရွက်တစ်ရွက်ကိုယူလိုက်ပါ။Color boxကိုတော့ပုံမှန်default
colorဖြစ်တဲ့ backgroundကိုအဖြူရောင်၊foregroundကိုအမဲးရောင်ပဲထားလိုက်ပါ။


ကီဘုတ်ပေါ်မှGကိုနှိပ်ပြီး paint buket tool(G)ကိုသုံးပြီးစာရွက်ပေါ်မှာအမဲးရောင်ထည့်လိုက်ပါ။

ပုံတွင်ပြထားသည့်အတိုင်းပဲအမဲးရောင်စာရွက်လေးတစ်ခုရလာပါလိမ့်မယ်။Photoshop menu barထဲးမှ
Fliter –>lens Flare ကိုသွားပြီးကလစ်နှိပ်လိုက်ပါ။

ပုံတွင်ပြထာသည့်အတိုင်းboxလေးတစ်ခုကျလာပါမည်။settingအနေနဲ့brightness lineတွင်100, Lens Type:တွင်
35mm Prime
ကိုရွေးပြီးok နှိပ်လိုက်ပါ။ပြီးနောက် .. Fliter –>Distort –>Twirl တွင်ကလစ်နှိပ်ပြီးsettingကို
Angleကို(999)ထားပေးပါ။

ပုံတွင်ပြထာသည့်အတိုင်းရလာပါလိမ့်မည်။ထို့နောက်Fliter –>Sketch –>Bas Reliefတွင်Detail-13,
smoothness-3ထားလိုက်ပါ။


ဒီအတိုင်းရလာပါလိမ့်မယ်။Fliter –>Distort –>Ocean Rippleတွင်settingကိုRipple size-15,
Ripple magnitude-9ထားပြီးOkလုပ်လိုက်ပါ။


အမဲးရောင်ရေလိုင်းပုံစံလေးကိုတွေ့ရှိရမည်ဖြစ်ပါသည်။ကြိုက်နှစ်သက်ရာအရောင်တစ်ခုခုထည့်ကြည့်လိုက်ရအောင်..။
ရေလိုင်းဆိုတော့ အဖြူရောင်၊အပြာရောင်ပါမှာပေါ့.။ဒါဆိုcolorကိုကစားကြည့်မယ်။Ctrl+Uကိုနှိပ်လိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်းဘဲsettingတွေကိုဖြည့်လိုက်မယ်ဆိုရင်အသက်ဝင်သွားတဲ့ရေလိုင်လေးတစ်ခုကိုရရှိပြီဖြစ်ပါတယ်။

(http://mgtrojan.site90.net/ မှတဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်)

Read More...

Thursday 16 October 2008

Pencil sketch effect in Photoshop



Photoshop မှာ Pencil sketch effect လုပ်တဲ့နည်းကို မှတ်တမ်းတင် မျှဝေပါဦးမယ်။ လူဆိုတာကလည်း တစ်ခါတလေမှာ အလွယ်ကြိုက်တော့ နည်း နှစ်နည်းလုံး မှတ်ထားလိုက်တယ်။ အလွယ်ကြိုက်တယ်ဆိုတာ ပြောခံရတာသာဆိုးတာ အချိန်ကုန်တော့ သက်သာတယ်ဗျ။ ကဲပါ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒါကို ဆက်ပြီး ပွားနေရင် လိုရင်းရောက်မှာ မဟုတ်တော့ဘူး :P စလုပ်ကြည့်ရအောင်

၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။



၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။



၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

၎။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။

၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။



၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေးပါ။ Pencil Artwork တစ်ခုကို သင် လုပ်ပြီးသွားပါပြီ။

အထက်ပါနည်းလမ်းကတော့ step by step ကိုယ်တိုင် ဖန်တီးတဲ့နည်းလမ်းပါ။ နောက်တစ်နည်း (အလွယ်နည်း) အနေနဲ့ Photoshop ရဲ့ action ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အဲဒီနည်းကတော့ Click နှိပ်တတ်ရုံနဲ့ပဲ ဖန်တီးလို့ ရပါပြီ :D

၁။ ပထမဦးစွာ Pencil Sketch Action File ကို Download လုပ်ပါ။

၂။ ထို့နောက် ရရှိလာသော File ကို copy ကူးယူပြီးနောက် အောက်ပါ Folder ထဲတွင်ထည့်သွင်းပါ။
C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions

၃။ Photoshop ကို open လုပ်ပါ။ ထို့နောက် Window Menu မှ Action (Alt+F9) ကိုရွေးပါ။ Action list တွင် Default Action အပြင် Download လုပ်ပြီး ထည့်သွင်းထားသော Pencil ArtWork Action လေးကိုပါ တွေ့ရပါလိမ့်မည်။



၎။ PencilArtWork Action folder ကို ဖွင့်ရန် ဘယ်ဘက်၌ပါရှိသော တြိဂံလေးကို Click လုပ်ပါ။ ထို့နောက် ထွက်ရှိလာသော Action File လေးကို select လုပ်ပါ။ သို့မဟုတ်ပါက Action ကို သုံး၍ရလိမ့်မည် မဟုတ်ပေ။ Action file လေးကို ရွေးပြီးသည်နှင့်တပြိုင်နက် action box ၏ အောက်ခြေတွင်ပါရှိသော Play Action button လေးသည် active ဖြစ်လာပါလိမ့်မည်။



၅။ ထို့နောက် Play Action button ကို click လုပ်ပြီး မိမိပြုလုပ်လိုသော ပုံကို ရွေးပါ။ ရွေးပြီးသည့်နောက်ပိုင်းမှာတော့ ငုတ်တုတ်လေး ထိုင်သာကြည့်နေလိုက်ပါ။ Action ရဲ့ စွမ်းဆောင်မှုဖြင့် pencil sketch တစ်ခုကို အလိုအလျောက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ photoshop action အကူအညီဖြင့် ပြုလုပ်သော pencil sketch တစ်ခုကို သင် ရရှိမှာဖြစ်ပါတယ်။

ကြော်ငြာဝင်ခြင်း :P




ဒီပုံကတော့ ကို့ဘာသာစမ်းသပ်ထားတာပါ...ဓာတ်ပုံကြည့်ပြီးမအိပ်နိုင်မစားနိုင်ဖြစ်မသွားကြနဲ့နော် ..D
စတာပါ လုပ်ကြည့်ကြပါ အခက်အခဲမရှိလောက်ဘူးလို့ထင်ပါတယ်....
အားလုံးအဆင်ပြေ ချောမွေ့ပါစေဗျာ.....

ကျန်းမာပျော်ရွင်ပါစေ :)

Read More...

Saturday 23 August 2008

photoshop ကိုcrack ချိုးခြင်း

အခု ကျွန်တော်ပြောပြမှာကတော့ Adobe Photoshop CS3 ကို Serial Number ကို မသုံးပဲနဲ့ Crack ချိုးတဲ့ နည်းကိုပြောပြမှာဖြစ်ပါတယ် ။
ပုံ ( ၁ ) ။ ဒါကတော့ Adobe Photoshop CS3 ကို Run ပြီးလို့ Software ကိုသုံးတော့မယ်ဆိုရင် တွေ့ရတဲ့ အ နေအထားဖြစ်ပါတယ် ။


ပုံ ( ၂ ) ။ Software ကို အသုံးပြုဖို့ Serial Number တောင်းတဲ့အခါမှာ ပုံမှာပြထားတဲ့ အတိုင်း Quit လုပ်လိုက် ပါ ။

ပုံ ( ၃ ) ။ Quit လုပ်ပြီးတဲ့နောက်မှာ C:\Program Files\Adobe\Adobe Photoshop CS3\AMT ဖိုင်ထဲ့မှာရှိ တဲ့ application.sif ဆိုတဲ့ဖိုင်လေးရှိပါတယ် ။



ပုံ ( ၄ ) ။ C:\Program Files\Adobe\Adobe Photoshop CS3\AMT ဖိုင်ထဲ့မှာရှိ တဲ့ application.sif ဆိုတဲ့ဖိုင်လေးကို Rename ပေးလိုက်ပါ ။ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ် ။ ကျွန်တော်ကတော့ နောက်က application.sif_ ဆိုပြီးပေးထားပါတယ် ။



Crack ဖိုင် အား ဒေါင်းလုပ်ချရန်


အဲဒီနောက်မှာ ကျွန်တော် အခုတင်ပေးထားတဲ့ Crack ဖိုင်များကိုဒေါင်းလုပ်ယူ၍ C:\Program Files\ Adobe\ Adobe Photoshop CS3 ဆိုတဲ့ ရေရာမှာ ထည့်လိုက်ပါ ။ ဒါဆိုရင် Adobe Photoshop CS3 ကို စသုံးလို့ရ ပါပြီခင်ဗျာ ။



Serial Number နဲ့ သုံးချင်တဲ့သူတွေအတွက်လည်း Serial Number တွေထည့်ပေးလိုက်ပါတယ် ။ အင်တာ နက်မရတဲ့အခါမှာ Active လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျွန်တော် က Serial Number မသုံးပဲ Crack ချိုး တာကိုပြောပြခြင်းဖြစ်ပါတယ် ။ အင်တာနက်ရမယ်ဆိုရင်တော့ Serial Number နဲ့ချိုးတာ ပိုကောင်းတာပေါ့ ။ အားလုံးပဲအဆင်ပြေကြပါစေ ခင်ဗျာ ။

Reference by: lovercreater.com

Read More...

How To use GIF-X.Plugin 2.0 in Photoshop CS3

ကျွန်တော်အခုပြောပြမှာကတော့ GIF-X.Plugin 2.0 ကို Run ပြီးရင် Adobe Photoshop CS3 မှာ ဘယ်လိုအ သုံးပြုတယ်ဆိုတာကို ပြောပြမှာဖြစ်ပါတယ် ။

ပုံ ( ၁ ) ။ Adobe Photoshop CS3 တွင် မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံတစ်ပုံအား ဖွင့်ပါ ။
ပုံ ( ၂ ) ။ ဖွင့်ထားသော ပုံအား Ctrl + A နှိပ်၍ ပုံတစ်ခုလုံးအား Select လုပ်ပါ ။ ထိုနောက် Filter -> Ulead Effects -> GIF.X 2.0.. သို့ဝင်ပါ ။
ပုံ ( ၃ ) ။ ပုံတွင်ပြထားတဲ့အတိုင်း Software ဟာ ၁၅ ရက်ပဲသုံးလို့ရမှာဖြစ်ပါတယ် ။ ကျွန်တော်လည်း Crack ချိုးနည်းကိုမသိသေးပါ ။ Try ပေးပါ ။
ပုံ ( ၄ ) ။ Try More ပေးပါ ။
ပုံ ( ၅ ) ။ စသုံးလို့ရပါပြီ ။ ပုံမှာမြင်ရတာကတော့ Motion Effects တွေပဲဖြစ်ပါတယ် ။ မိမိ စိတ်ကြိုက် လိုသလို ကစားကြည့်ပါ ။ မျိုးစုံပါ ပါတယ် ။
ပုံ ( ၆ ) ။ ပုံမှာပါတာကတော့ Light Effects တွေပဲဖြစ်ပါတယ် ။ တစ်မျိုးစီတော့ လှပါတယ် ။ ကိုယ်မျက်စိထဲမှာ ပုံနဲ့လိုက်ဖက်မယ့် ဟာ ကို ရွေးပြီးတော့ ကစားကြည့်ပါ ။
ပုံ ( ၇ ) ။ မိုးကြိုးတွေပစ်တဲ့ပုံစံလုပ်လို့ရတယ် ။ မီးပန်းတွေကျလို့ရတယ် ။ နေေ၇ာင်တွေထိုးလို့ရတယ် ။ မီးစလိုက်တွေထိုးလို့ရတယ် ။ များကြီးပါပဲ ။ လုပ်ကြည့်လိုက်ပါ ။ ပျော်စရာကောင်းပါတယ် ။

ကဲ အခုက စပြီးတော့ Adobe Photoshop CS3 မှာ မိမိစိတ်ကြိုက်ပုံများကို မိုးကြိုးတွေပစ် လို့ရပါပြီ ။ မီးပန်းတွေကျလို့ရပါပြီ ။ နေေ၇ာင်တွေထိုးလို့ရပါပြီ ။ မီးစလိုက်တွေထိုးလို့ရပါပြီခင်ဗျာ ။

Read More...

Thursday 21 August 2008

Adobe Photoshop ဘယ်လို သုံးမလဲ -၂

Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်...

Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ...
Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်...


၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်...

ဖျက်ချင်တဲ့ လေယာကို select လုပ်ထားပြီး ဒီ button လေးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ လေယာတွေ ပျက်သွားပါလိမ့်မယ်...

၂- က layer အသစ်လိုချင်တဲ့ အခါ သုံးပါ...

၃- layer group အသစ် တည်ဆောက်ဖို့အတွက် သုံးပါတယ်... layer တွေ အများကြီး ဖြစ်လာရင် သက်ဆိုင်ရာ လေယာ အစုအဝေးလေးတွေ တည်ဆောက် ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်... ဥပမာ- header နဲ့ ပက်သတ်တဲ့ layer တွေဆို layer group တစ်ခုတည်းမှာ ထည့်ထားချင်းအားဖြင့် အလွယ်တကူနဲ့ ရှာနိုင်ပြီး ကြည့်ရတာလည်း ရှင်းပါတယ်...

၎- လေယာနဲ့ ပတ်သက်ပြီး အရောင်ချိန်ညှိတာ အရောင်တွေ ဖြည့်တာအတွက် သုံးနိုင်ပါတယ်...

၅- Layer mask ထည့်တာပါ... လေယာ တစ်ခုတည်းမှာ ရှိတဲ့ မလိုချင်တဲ့ အပိုင်းတွေကို မဖော်ပြစေချင်တဲ့ အခါ သုံးလို့ရပါတယ်... တကယ်ဖျက် လိုက်တာမဟုတ်ဘဲ မမြင်ရအောင် ကွယ်ထားပေးတာပါ... လိုအပ်လို့ ပြန်ဖော်ပြချင်တယ် ဆိုရင်လည်း ပြန်ဖော်ပြနိုင်ပါတယ်...

၆- လေယာတွေကို Layer Style (Effects) ထည့်ချင်တဲ့အခါ သုံးပါတယ်... စာလုံးတွေ ဖောင်းကြွဖြစ်အောင်လုပ်တာ၊ အရိပ်ချတာ စတာတွေ လုပ်လို့ရပါတယ်...


၇- Link Layers ပါ... လေယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ သုံးနိုင်ပါတယ်... layer တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ထားခြင်း အားဖြင့် နေရာ ရွှေ့တဲ့အခါ၊ အရွယ်အစား ပြောင်းလဲမှုပြုလုပ်တဲ့အခါတိုင်း link လုပ်ထားတဲ့ လေယာများဟာ အတူတကွ အပြောင်းအလဲ ဖြစ်ပါတယ်...

Layers palette အကြောင်း မပြီးသေးပါဘူး... ဆက်ပါဦးမယ်...

Read More...

PH)TOSHOP ကိုဘယ်လိုသုံးမလဲ (၁)

လွယ်လွယ်လေးပါဗျာ… Adobe Photoshop ထဲအရင်ဝင်ပေါ့… ကျတော် ပြောတာ မှားများသွားလား… Photoshop ထဲလည်း ရောက်ရော ကျန်တဲ့ software တွေနဲ့ မတူတာက အလုပ်လုပ်မယ့် နေရာ မတွေ့တာပဲ… Photoshop ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ ပန်ချီဆွဲတဲ့အခါ ကျတော်တို့ ဆွဲမယ့် canvas အရွယ်အစားအတိုင်း ဘောင်အရင် ကျပ်ထားရတဲ့ ပုံစံနဲ့ တူတယ်ဗျ… ကဲ… ကျတော်တို့ canvas အရွယ်အစားယူကြရအောင်… ဘယ်ကနေ ယူမလဲ ဆိုတော့ File menu ထဲက New ကို ရွေးပေးပါ…
အောက်မှာ ပြထားတဲ့ ပုံအတိုင်း New dialog box ပေါ်လာပါလိမ့်မယ်…

Name ဆိုတဲ့နေရာမှာ ကျတော်တို့ ပေးချင်တဲ့ file name ကို ကြိုတင် ပေးထားလို့ရပါတယ်…
Preset ဆိုတာကတော့ အသင့်လုပ်ထားပေးတဲ့ အရွယ်အစားနဲ့ resolution တွေ အဆင်သင့်ပါရှိတယ်… Preset တွေနဲ့ ကျတော်တို့ လုပ်မယ့် အရွယ်အစား မကိုက်ညီဘူး ဆိုရင်တော့…
Width မှာ ကျတော်တို့ ဒီဇိုင်းလုပ်မယ့် canvas size ရဲ့ ဘယ်ညာ အကျယ်ကို ရိုက်ထည့်ပေးပါ… အဲ.. မေ့တော့မလို့ နောက်က Unit ကို အရင်ပြောင်းပြီးမှ ရိုက်ထည့်ပါ… inches လား၊ cm လား၊ pixels လား ဆိုတာ အရင်ရွေးခိုင်းတာပါ… press လုပ်မယ့်ပုံတွေ (စက္ကူတို့ vinyl တို့လို ပြင်ပ media တစ်ခုခုမှာ ပုံနှိပ်မယ့် ဒီဇိုင်းမျိုးတွေ) ဆိုရင်တော့ inches, cm, mm တို့နဲ့ တိုင်းတာကြပါမယ်… pixels ကတော့ Monitor, TV တို့လိုမျိုးပေါ်မှာ တိုင်းတာဖို့အတွက် သုံးတာပါ… ဥပမာ- web site အတွက် သုံးမယ့် ပုံတွေဆိုရင်တော့ pixel unit နဲ့ တိုင်းတာပါတယ်…
Height မှာတော့ လိုချင်တဲ့ အထက်အောက် အမြင့်ကို ရိုက်ထည့်ပေးပါ…
Resolution – TV, Monitor ပေါ်မှာပဲ ဖော်ပြမယ့် ပုံတွေ အတွက်ကတော့ 72 pixels/inch ထားရင်ရပါပြီ… ပုံနှိပ်စက် သုံးပြီ ပုံနှိပ်မယ်၊ ကာလာပရင်တာနဲ့ ထုတ်မယ် ဆိုရင်တော့ 300 pixels/inch ရှိရပါမယ်… outdoor vinyl printing လုပ်မယ်ဆိုရင်တော့ 72 pixels/inch ရှိရပါမယ်… billboard လိုမျိုး ပုံအရွယ်အစား အရမ်းကြီးလို့ ကျတော်တို့ ကွန်ပျူတာက မနိုင်ဘူးဆိုရင် 30 pixels/inch လောက်အထိ လျော့ချ လို့ရပါတယ်… ကျတော့် အတွေ့အကြုံအရ ပြောတာပါ…

Color Mode - ကျတော်ကတော့ RGB (Red, Green, Blue) နဲ့ CMYK (Cyan, Magenta, Yellow, blacK) color mode ၂-မျိုးတည်းပဲသုံးပါတယ်… RGB ကိုတော့ Monitor & TV ပေါ်မှာပဲ ဖော်ပြတဲ့ ဒီဇိုင်းတွေမှာ သုံးပြီး CMYK ကိုတော့ အရာဝတ္တုတစ်ခုခုပေါ် ပုံနှိပ် (Press) ဖော်ပြမယ့် ဒီဇိုင်း လုပ်တဲ့အခါ သုံးပါတယ်… ဒါပေမယ့် ချွင်းချက် တစ်ခုက ဓာတ်ပုံကူးတဲ့ စက်တွေနဲ့ ထုတ်မယ်ဆိုရင်တော့ RGB နဲ့ ဒီဇိုင်းလုပ်ပေးရပါတယ်… မော်နီတာပေါ်မှာ RGB နဲ့ဒီဇိုင်းလုပ်ရင် အရောင်တွေက စိုပြေတောက်ပပြီး ကြည့်လို့ ကောင်းပေမယ့် colour printer နဲ့ထုတ်ရင် (သို့) ပုံနှိပ်စက်နဲ့ ရိုက်နှိပ်တဲ့အခါ အလွန် မွဲခြောက်တဲ့ အရောင်၊ အလွန်မှိုင်းတဲ့ အရောင်တွေ ဖြစ်တတ်တဲ့အတွက် ပုံနှိပ်တဲ့ နေရောမှာ သုံးမယ့် ဒီဇိုင်းလုပ်မယ်ဆိုရင်တော့ လုပ်ကတည်းကိုက CMYK နဲ့ လုပ်တာ အကောင်းဆုံးပါပဲ…

Background Contents ကတော့ canvas စရဲ့ အရောင်ပါ… အဖြူရောင် ၊ Background color ၊ Transparent ထဲက တစ်ခုခု ရွေးလို့ရပါတယ်… Background color ဆိုတာက toolbox မှာ ရွေးထားတဲ့ background အရောင်ကို ပြောတာပါ… အောက်က ပုံမှာ ရှေ့က အဖြူရောင်က foreground color ဖြစ်ပြီး နောက်က အနီရောင်က background color ဖြစ်ပါတယ်… ခုဒီအခြေအနေအတိုင်းမှာ Background color ကို ရွေးလိုက်ရင် ကျတော်တို့ အနီရောင်ပိတ်စနဲ့ လုပ်ထားတဲ့ canvas ကိုရမှာ ဖြစ်ပါတယ်…

ဒါတွေ လုပ်ပြီးရင်တော့ OK button ကို click လုပ်လိုက်ပါ…
ကျတော်တို့အတွက် ဘောင်ကြပ်ထားတဲ့ canvas ရပြီမို့ ဒီဇိုင်း စလုပ်လို့ရပါပြီ…

စိတ်ပါတဲ့ အချိန်ကျရင် ဆက်လက်ချီတက်ပါ့မယ်…
ခုရေးထားတာလေးက NativeMyanmar က ထုတ်ဝေတဲ့ ဇာတိနွယ် ဂျာနယ်မှာ ပါပြီးသားပါ...

Read More...

Monday 4 August 2008

photoshop ဖြတ်လမ်းနည်းများ


ခဲခြစ် သို့မဟုတ် ခဲမွှန်းပုံတစ်ပုံအဖြစ်သို့
ကွန်ပျူတာနှင့် ဓာတ်ပုံနည်းပညာများ တိုးတက်လာသည်နှင့်
အမျှ ရောင်စုံပုံများကို အရောင်အသွေး စုံလင် တောက်ပစွာဖြင့်
ရိုက်နှိပ် ထုတ်ဝေကြပါသည်။ သို့သော် လူသားတို့က ရောင်စုံ
မဟုတ်သည့် အဖြူ၊ အမည်း သို့မဟုတ် ခဲခြစ်လက်ရာဆန်ဆန်
ပုံများကို ပြန်လည် တမ်းတကြပြန်သည်။ ဓာတ်ပုံများထက် ခဲဆွဲ
ပန်းချီများက တန်ဖိုးတက်လာပြန်သည်။ သို့ဖြစ်၍ ကွန်ပျူတာ
ဒီဇိုင်းပညာရှင်တို့ကလည်း sketch ခေါ် ခဲခြစ်ကြောင်းဆန်ဆန်
ပုံများကို ဖန်တီးကြရပြန်ပါသည်။ ¤င်းနှင့်ပတ်သက်၍ ဂျာနယ်တွင်
ဖော်ပြခဲ့ပြီးဖြစ်သော်လည်း သင်ခန်းစာအသစ်များအဖြစ် မကြာ
ခဏ ထည့်သွင်းပေးပါမည်။
ခဲခြစ် သို့မဟုတ် ခဲတံဖြင့် မွှန်းခြယ်ရေးဆွဲသည့် ပုံမျိုးကို
photoshop တွင် ဖန်တီးရာတွင် အောက်ပါ အခြေခံအကျဆုံး
သင်ခန်းစာကို လေ့လာစေလိုပါသည်။

အဖြူ၊ အမည်း သို့မဟုတ် မီးခိုးရောင်သို့
ရောင်စုံ ပုံတစ်ပုံကို အဖြူ၊ အမည်း သို့မဟုတ် မီးခိုးရောင်သို့
ပြောင်းရန် photoshop menuပေါ်မှ image>mode>Greysacale
ွမနပျခေူနဒ ကို ရွေးချယ်လိုက်ပါ။ ထို့နောက် ပုံတူတစ်ပုံ ပွားပါ။
ထိုသို့ ပုံတူပွားရန် မူရင်းပုံအလွှာပေါ်သို့ မောက်စ် ညာကလစ်နှိပ်
ပြီး "Duplicate Layer"ကို ဖွင့်ပါ။ ပေါ်လာသော box တွင်
အမည်သစ်ပေးလိုက်ပြီး ok ကို နှိပ်လိုက်ပါ။ နောက်တစ်နည်း
မှာ ၄င်းမူရင်းအလွှာကို မောက်စ်ဖြင့် ထောက်ပြီးlayers palette
၏အောက်ဘက်ရှိ create a new player icon သို့ ဆွဲချလိုက်ပါ။
ထို့နောက် အဆိုပါ ပုံတူအလွှာကို ရွေးချယ်ပြီး Image>
Adjustments> Invertကို ဖွင့်လိုက်ပါ။ ကီးခလုတ်အားဖြင့်
(ctl+I)ဖြစ်သည်။ ပုံသည် ဓာတ်ပုံ နဂ္ဂတစ်ပုံစံမျိုးသို့ ပြောင်းသွား
ပါလိမ့်မည်။၎င်းပုံကို layer palltle ၏ အပေါ်ကွက်(blending mode)
ာသိန) ရှိ color dodgeကိုရွေးချယ်ပါ။ ထိုအခါ ပုံသည် အဖြူ
ရောင် သို့မဟုတ် အလင်းရောင်သို့ ပြောင်းသွားပါမည်။ ထို့နောက်
menu ပေါ်ရှိ 'filer> Blur> Gaussian Blur'ကို ဖွင့်ပါ။
ပုံသည် အနက် သို့မဟုတ် မီးခိုးရောင်သို့ ဓာတ်ပုံသားမျိုးအဖြစ်
ပေါ်နေပြီး ၄င်းsettingsတွင် Radius ကို5pixelsပေးကြည့်
ပါ။ ခဲခြစ် သို့မဟုတ် ခဲမွှန်းပုံကြမ်းတစ်ပုံ ပေါ်လာပါလိမ့်မည်။
အဆိုပါ radiusကို လိုအပ်သလို ချိန်ညှိကြည့်ပါ။ ၄င်း
အတွက် pixelsတန်ဖိုး ရိုက်ထည့်၍သော်လည်းကောင်း၊ စကေး
တံကလေးကို ရွှေ့ပေးခြင်းဖြင့်သော်လည်းကောင်း ပုံ၏ အရည်
အသွေးသည် ပြောင်းလဲနေသည်ကို မြင်ရပါမည်။ မိမိ လိုချင်သော
ပုံအနေအထားတွင် ရပ်ပြီး ဖိုင်ကို သိမ်းလိုက်ပါ။

Read More...

Wednesday 30 July 2008

ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက်

ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ fatal error ဆိုတာကိုမြင်ဖူးကြုံဖူးကြမှာပါ။

Fatal error တက်လာတဲ့အခါမှာ ထွက်လာတဲ့စာသားက"Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications." ပါတဲ့။Microsoft Windows 98 မှာ အများဆုံးတွေ့တတ်ပါတယ်။

Ctrl+Alt+Delete ကိုနှစ်ခါဆက်တိုက်နှိပ်လိုက်မိတဲ့အချိန်မှာ အထက်ကစာသားမျိုးထွက်လာပါလိမ့်မယ်။Enter ကိုနှိပ်ရင် Windows ကိုရောက်သွားမယ်၊ Ctrl+Alt+Delete ကိုထပ်နှိပ်မယ်ဆိုရင်တော့ Computer က Restart ဖြစ်သွားပါလိမ့်မယ်။ Restart ဖြစ်သွားမယ်ဆိုရင် လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေ save လုပ်မထားရင်တော့ အကုန်ပျက်ကုန်မှာပေါ့။Windows XP မှာတော့ အဲဒီလိုမျိုးဖြစ်ခဲပါတယ်။

Ctrl+Alt+Delete နှစ်ခါနှိပ်လည်း Task Manager ပဲထွက်လာမှာပါ။ ဒါပေမယ့် ဘယ်ဝင်းဒိုးမှာပဲဖြစ်ဖြစ် ကြုံတွေ့နိုင်တဲ့ အဆိုးဝါးဆုံး error ကတော့ Blue Screen of Death လို့ခေါ်တဲ့ အပြာပြင်နောက်ခံနဲ့ စာသားတွေတက်လာပြီးချက်ချင်းထိုးရပ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့ Restart လုပ်ရုံမှတပါး အခြားမရှိတော့ပါဘူး။ Save မလုပ်ထားသမျှတော့သဲထဲရေသွန်ဖြစ်ပြီပေါ့ဗျာ။ဒီလိုအဖြစ်မျိုးမကြုံရအောင်ကြိုတင်ကာကွယ်ဖို့ဆိုရင် ဘာကြောင့်ဒီလိုဖြစ်တတ်တယ်ဆိုတာသိထားရင်….အကောင်းဆုံးပါပဲ။

computer crash ဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း (၁၀) ခု ရှိတယ်ဗျ။အဲဒီ (၁၀) ချက်ကဘာတွေလဲဆိုတော့
1. Hardware conflict
2. Bad Ram
3. BIOS settings
4. Hard disk drives
5. Fatal OE exceptions and VXD errors
6. Viruses
7. Printers
8. Software
9. Overheating
10. Power supply problems

ကဲ……….တစ်ခုချင်းအကြောင်းဆက်ကြရအောင်ဗျာ။


Read More...

ကွန်ပျူတာ Crash ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ၁၀ ချက်

ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ fatal error ဆိုတာကိုမြင်ဖူးကြုံဖူးကြမှာပါ။

Fatal error တက်လာတဲ့အခါမှာ ထွက်လာတဲ့စာသားက"Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications." ပါတဲ့။Microsoft Windows 98 မှာ အများဆုံးတွေ့တတ်ပါတယ်။

Ctrl+Alt+Delete ကိုနှစ်ခါဆက်တိုက်နှိပ်လိုက်မိတဲ့အချိန်မှာ အထက်ကစာသားမျိုးထွက်လာပါလိမ့်မယ်။Enter ကိုနှိပ်ရင် Windows ကိုရောက်သွားမယ်၊ Ctrl+Alt+Delete ကိုထပ်နှိပ်မယ်ဆိုရင်တော့ Computer က Restart ဖြစ်သွားပါလိမ့်မယ်။ Restart ဖြစ်သွားမယ်ဆိုရင် လည်းလက်ရှိလုပ်နေတဲ့အလုပ်တွေ save လုပ်မထားရင်တော့ အကုန်ပျက်ကုန်မှာပေါ့။Windows XP မှာတော့ အဲဒီလိုမျိုးဖြစ်ခဲပါတယ်။

Ctrl+Alt+Delete နှစ်ခါနှိပ်လည်း Task Manager ပဲထွက်လာမှာပါ။ ဒါပေမယ့် ဘယ်ဝင်းဒိုးမှာပဲဖြစ်ဖြစ် ကြုံတွေ့နိုင်တဲ့ အဆိုးဝါးဆုံး error ကတော့ Blue Screen of Death လို့ခေါ်တဲ့ အပြာပြင်နောက်ခံနဲ့ စာသားတွေတက်လာပြီးချက်ချင်းထိုးရပ်သွားတတ်တာပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့ Restart လုပ်ရုံမှတပါး အခြားမရှိတော့ပါဘူး။ Save မလုပ်ထားသမျှတော့သဲထဲရေသွန်ဖြစ်ပြီပေါ့ဗျာ။ဒီလိုအဖြစ်မျိုးမကြုံရအောင်ကြိုတင်ကာကွယ်ဖို့ဆိုရင် ဘာကြောင့်ဒီလိုဖြစ်တတ်တယ်ဆိုတာသိထားရင်….အကောင်းဆုံးပါပဲ။

computer crash ဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း (၁၀) ခု ရှိတယ်ဗျ။အဲဒီ (၁၀) ချက်ကဘာတွေလဲဆိုတော့
1. Hardware conflict
2. Bad Ram
3. BIOS settings
4. Hard disk drives
5. Fatal OE exceptions and VXD errors
6. Viruses
7. Printers
8. Software
9. Overheating
10. Power supply problems

ကဲ……….တစ်ခုချင်းအကြောင်းဆက်ကြရအောင်ဗျာ။


Read More...

GRAPHIC DESIGN STUDY ©Template Blogger Green by Dicas Blogger.

TOPO