Saturday 23 August 2008

How To use GIF-X.Plugin 2.0 in Photoshop CS3

ကျွန်တော်အခုပြောပြမှာကတော့ GIF-X.Plugin 2.0 ကို Run ပြီးရင် Adobe Photoshop CS3 မှာ ဘယ်လိုအ သုံးပြုတယ်ဆိုတာကို ပြောပြမှာဖြစ်ပါတယ် ။

ပုံ ( ၁ ) ။ Adobe Photoshop CS3 တွင် မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံတစ်ပုံအား ဖွင့်ပါ ။
ပုံ ( ၂ ) ။ ဖွင့်ထားသော ပုံအား Ctrl + A နှိပ်၍ ပုံတစ်ခုလုံးအား Select လုပ်ပါ ။ ထိုနောက် Filter -> Ulead Effects -> GIF.X 2.0.. သို့ဝင်ပါ ။
ပုံ ( ၃ ) ။ ပုံတွင်ပြထားတဲ့အတိုင်း Software ဟာ ၁၅ ရက်ပဲသုံးလို့ရမှာဖြစ်ပါတယ် ။ ကျွန်တော်လည်း Crack ချိုးနည်းကိုမသိသေးပါ ။ Try ပေးပါ ။
ပုံ ( ၄ ) ။ Try More ပေးပါ ။
ပုံ ( ၅ ) ။ စသုံးလို့ရပါပြီ ။ ပုံမှာမြင်ရတာကတော့ Motion Effects တွေပဲဖြစ်ပါတယ် ။ မိမိ စိတ်ကြိုက် လိုသလို ကစားကြည့်ပါ ။ မျိုးစုံပါ ပါတယ် ။
ပုံ ( ၆ ) ။ ပုံမှာပါတာကတော့ Light Effects တွေပဲဖြစ်ပါတယ် ။ တစ်မျိုးစီတော့ လှပါတယ် ။ ကိုယ်မျက်စိထဲမှာ ပုံနဲ့လိုက်ဖက်မယ့် ဟာ ကို ရွေးပြီးတော့ ကစားကြည့်ပါ ။
ပုံ ( ၇ ) ။ မိုးကြိုးတွေပစ်တဲ့ပုံစံလုပ်လို့ရတယ် ။ မီးပန်းတွေကျလို့ရတယ် ။ နေေ၇ာင်တွေထိုးလို့ရတယ် ။ မီးစလိုက်တွေထိုးလို့ရတယ် ။ များကြီးပါပဲ ။ လုပ်ကြည့်လိုက်ပါ ။ ပျော်စရာကောင်းပါတယ် ။

ကဲ အခုက စပြီးတော့ Adobe Photoshop CS3 မှာ မိမိစိတ်ကြိုက်ပုံများကို မိုးကြိုးတွေပစ် လို့ရပါပြီ ။ မီးပန်းတွေကျလို့ရပါပြီ ။ နေေ၇ာင်တွေထိုးလို့ရပါပြီ ။ မီးစလိုက်တွေထိုးလို့ရပါပြီခင်ဗျာ ။

Seja o primeiro a comentar

GRAPHIC DESIGN STUDY ©Template Blogger Green by Dicas Blogger.

TOPO