Thursday 21 August 2008

Adobe Photoshop ဘယ်လို သုံးမလဲ -၂

Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်...

Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ...
Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်...


၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်...

ဖျက်ချင်တဲ့ လေယာကို select လုပ်ထားပြီး ဒီ button လေးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ လေယာတွေ ပျက်သွားပါလိမ့်မယ်...

၂- က layer အသစ်လိုချင်တဲ့ အခါ သုံးပါ...

၃- layer group အသစ် တည်ဆောက်ဖို့အတွက် သုံးပါတယ်... layer တွေ အများကြီး ဖြစ်လာရင် သက်ဆိုင်ရာ လေယာ အစုအဝေးလေးတွေ တည်ဆောက် ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်... ဥပမာ- header နဲ့ ပက်သတ်တဲ့ layer တွေဆို layer group တစ်ခုတည်းမှာ ထည့်ထားချင်းအားဖြင့် အလွယ်တကူနဲ့ ရှာနိုင်ပြီး ကြည့်ရတာလည်း ရှင်းပါတယ်...

၎- လေယာနဲ့ ပတ်သက်ပြီး အရောင်ချိန်ညှိတာ အရောင်တွေ ဖြည့်တာအတွက် သုံးနိုင်ပါတယ်...

၅- Layer mask ထည့်တာပါ... လေယာ တစ်ခုတည်းမှာ ရှိတဲ့ မလိုချင်တဲ့ အပိုင်းတွေကို မဖော်ပြစေချင်တဲ့ အခါ သုံးလို့ရပါတယ်... တကယ်ဖျက် လိုက်တာမဟုတ်ဘဲ မမြင်ရအောင် ကွယ်ထားပေးတာပါ... လိုအပ်လို့ ပြန်ဖော်ပြချင်တယ် ဆိုရင်လည်း ပြန်ဖော်ပြနိုင်ပါတယ်...

၆- လေယာတွေကို Layer Style (Effects) ထည့်ချင်တဲ့အခါ သုံးပါတယ်... စာလုံးတွေ ဖောင်းကြွဖြစ်အောင်လုပ်တာ၊ အရိပ်ချတာ စတာတွေ လုပ်လို့ရပါတယ်...


၇- Link Layers ပါ... လေယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ သုံးနိုင်ပါတယ်... layer တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ထားခြင်း အားဖြင့် နေရာ ရွှေ့တဲ့အခါ၊ အရွယ်အစား ပြောင်းလဲမှုပြုလုပ်တဲ့အခါတိုင်း link လုပ်ထားတဲ့ လေယာများဟာ အတူတကွ အပြောင်းအလဲ ဖြစ်ပါတယ်...

Layers palette အကြောင်း မပြီးသေးပါဘူး... ဆက်ပါဦးမယ်...

Seja o primeiro a comentar

GRAPHIC DESIGN STUDY ©Template Blogger Green by Dicas Blogger.

TOPO