Monday 4 August 2008

photoshop ဖြတ်လမ်းနည်းများ


ခဲခြစ် သို့မဟုတ် ခဲမွှန်းပုံတစ်ပုံအဖြစ်သို့
ကွန်ပျူတာနှင့် ဓာတ်ပုံနည်းပညာများ တိုးတက်လာသည်နှင့်
အမျှ ရောင်စုံပုံများကို အရောင်အသွေး စုံလင် တောက်ပစွာဖြင့်
ရိုက်နှိပ် ထုတ်ဝေကြပါသည်။ သို့သော် လူသားတို့က ရောင်စုံ
မဟုတ်သည့် အဖြူ၊ အမည်း သို့မဟုတ် ခဲခြစ်လက်ရာဆန်ဆန်
ပုံများကို ပြန်လည် တမ်းတကြပြန်သည်။ ဓာတ်ပုံများထက် ခဲဆွဲ
ပန်းချီများက တန်ဖိုးတက်လာပြန်သည်။ သို့ဖြစ်၍ ကွန်ပျူတာ
ဒီဇိုင်းပညာရှင်တို့ကလည်း sketch ခေါ် ခဲခြစ်ကြောင်းဆန်ဆန်
ပုံများကို ဖန်တီးကြရပြန်ပါသည်။ ¤င်းနှင့်ပတ်သက်၍ ဂျာနယ်တွင်
ဖော်ပြခဲ့ပြီးဖြစ်သော်လည်း သင်ခန်းစာအသစ်များအဖြစ် မကြာ
ခဏ ထည့်သွင်းပေးပါမည်။
ခဲခြစ် သို့မဟုတ် ခဲတံဖြင့် မွှန်းခြယ်ရေးဆွဲသည့် ပုံမျိုးကို
photoshop တွင် ဖန်တီးရာတွင် အောက်ပါ အခြေခံအကျဆုံး
သင်ခန်းစာကို လေ့လာစေလိုပါသည်။

အဖြူ၊ အမည်း သို့မဟုတ် မီးခိုးရောင်သို့
ရောင်စုံ ပုံတစ်ပုံကို အဖြူ၊ အမည်း သို့မဟုတ် မီးခိုးရောင်သို့
ပြောင်းရန် photoshop menuပေါ်မှ image>mode>Greysacale
ွမနပျခေူနဒ ကို ရွေးချယ်လိုက်ပါ။ ထို့နောက် ပုံတူတစ်ပုံ ပွားပါ။
ထိုသို့ ပုံတူပွားရန် မူရင်းပုံအလွှာပေါ်သို့ မောက်စ် ညာကလစ်နှိပ်
ပြီး "Duplicate Layer"ကို ဖွင့်ပါ။ ပေါ်လာသော box တွင်
အမည်သစ်ပေးလိုက်ပြီး ok ကို နှိပ်လိုက်ပါ။ နောက်တစ်နည်း
မှာ ၄င်းမူရင်းအလွှာကို မောက်စ်ဖြင့် ထောက်ပြီးlayers palette
၏အောက်ဘက်ရှိ create a new player icon သို့ ဆွဲချလိုက်ပါ။
ထို့နောက် အဆိုပါ ပုံတူအလွှာကို ရွေးချယ်ပြီး Image>
Adjustments> Invertကို ဖွင့်လိုက်ပါ။ ကီးခလုတ်အားဖြင့်
(ctl+I)ဖြစ်သည်။ ပုံသည် ဓာတ်ပုံ နဂ္ဂတစ်ပုံစံမျိုးသို့ ပြောင်းသွား
ပါလိမ့်မည်။၎င်းပုံကို layer palltle ၏ အပေါ်ကွက်(blending mode)
ာသိန) ရှိ color dodgeကိုရွေးချယ်ပါ။ ထိုအခါ ပုံသည် အဖြူ
ရောင် သို့မဟုတ် အလင်းရောင်သို့ ပြောင်းသွားပါမည်။ ထို့နောက်
menu ပေါ်ရှိ 'filer> Blur> Gaussian Blur'ကို ဖွင့်ပါ။
ပုံသည် အနက် သို့မဟုတ် မီးခိုးရောင်သို့ ဓာတ်ပုံသားမျိုးအဖြစ်
ပေါ်နေပြီး ၄င်းsettingsတွင် Radius ကို5pixelsပေးကြည့်
ပါ။ ခဲခြစ် သို့မဟုတ် ခဲမွှန်းပုံကြမ်းတစ်ပုံ ပေါ်လာပါလိမ့်မည်။
အဆိုပါ radiusကို လိုအပ်သလို ချိန်ညှိကြည့်ပါ။ ၄င်း
အတွက် pixelsတန်ဖိုး ရိုက်ထည့်၍သော်လည်းကောင်း၊ စကေး
တံကလေးကို ရွှေ့ပေးခြင်းဖြင့်သော်လည်းကောင်း ပုံ၏ အရည်
အသွေးသည် ပြောင်းလဲနေသည်ကို မြင်ရပါမည်။ မိမိ လိုချင်သော
ပုံအနေအထားတွင် ရပ်ပြီး ဖိုင်ကို သိမ်းလိုက်ပါ။

Seja o primeiro a comentar

GRAPHIC DESIGN STUDY ©Template Blogger Green by Dicas Blogger.

TOPO